Sunday, August 19, 2012

ဦးပိုင်မှ ထားဝယ် ရေနက်ဆိပ်ကမ်းအနီးတွင် တရုတ်နည်းပညာဖြင့် ရေနံချက်စက်ရုံတစ်ရုံ တည်ဆောက်မည် ၊ စက်ရုံတည်ဆောက်မည့် စက်မှုဝန်ကြီးဌာနပိုင် မြေနေရာကို ကျပ်သန်းပေါင်း ၂၆၀၀ ဖြင့် ၀ယ်ယူခဲ့ကြောင်း သိရ

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ထားဝယ်ရေနက် ဆိပ်ကမ်းအနီးတွင် ရေနံချက်စက်ရုံတစ်ရုံ တည် ဆောက်ရန် မြေနေရာဝယ်ယူကာ ပြင်ဆင်လျက်ရှိကြောင်း အဆိုပါ စီမံကိန်းကို တည်ဆောက်ရာတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

လောင်းလုံမြို့နယ် အတွင်းရှိ စက်မှုဝန်ကြီးဌာနပိုင် ဆီအုန်းခြံနေ ရာတွင် တည်ဆောက်ရန် စီစဉ်ထားကြောင်း၊ အဆိုပါ ဆီအုန်းခြံနှင့် စက်ရုံမြေနေရာမှာ ဧရိယာ ၁၆၃၆ ဧကကျယ်ဝန်းကြောင်း သတင်းရရှိပါသည်။

အဆိုပါမြေနေရာကို မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်မှ ကျပ် သန်းပေါင်း ၂၆၀၀ ဖြင့် ၀ယ်ယူထားခြင်းဖြစ်ပြီး စက်မှုဝန်ကြီးဌာနမှဝယ် ယူထားကြောင်း ကနဦးရရှိသည့် သတင်းများအရ သိရသည်။

ရေနံချက်စက်ရုံ တည်ဆောက်ရာတွင် တရုတ်နိုင်ငံတွင် လက်ရှိတည်ဆောက် လည်ပတ်နေသည့် ရေနံချက်စက်ရုံဖြင့် ပုံစံတူအတိုင်း အသစ် တည်ဆောက်မည်ဟုလည်း  .  .

“ကျွန်တော်တို့ ရေနံချက်စက်ရုံဆောက်မှာ သေချာပါတယ်။ တည်ဆောက်ဖို့အတွက် လောင်းလုံ ဆီအုန်းခြံနဲ့ စက်ရုံကို စက်မှုဝန်ကြီးဌာန ကနေ ၀ယ်ထားပါတယ်။ ကျပ်သန်း ပေါင်း ၂၆၀၀ နဲ့ဝယ်တယ်လို့ပြောရ မှာပေါ့”ဟု အဆိုပါ စက်ရုံတည်ဆောက်မှု စီမံကိန်းတွင် ပါဝင်သည့် တာဝန် ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ရေနံချက်စက်ရုံ တည်ဆောက်ရာတွင် တရုတ်နိုင်ငံတွင် လက်ရှိ တည်ဆောက် လည်ပတ်နေသည့် ရေနံချက်စက်ရုံဖြင့် ပုံစံတူအတိုင်း အသစ်တည်ဆောက်မည်ဟုလည်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။

“ဆောက်ဖြစ်မယ်ဆိုရင် ဒီရေနံချက်စက်ရုံ တည်ဆောက်မှုနဲ့ ပတ်သက်ပြီးတော့လည်း မီဒီယာတွေကို ခေါ်ယူပြသ အသိပေးမယ့်အစီအစဉ်လည်း ရှိမှာပါ။ နည်းပညာက တရုတ်နိုင်ငံမှာ လက်ရှိတည်ဆောက်ထားပြီး လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံအတိုင်းဒီမှာ အသစ်တည်ဆောက်မှာပါ” ၎င်းကဆက်လက်ပြောပြခဲ့သည်။

လောင်းလုံဆီအုန်းခြံမှာ ထားဝယ်ခရိုင်အတွင်း အကြီးဆုံး ဆီအုန်းခြံနှစ်ခုတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး အဆိုပါ ဆီအုန်းခြံသက်တမ်း မှာနှစ် ၃၀ မှနှစ် ၄၀ ကြား ရှိကြောင်း သိရသည်။

လက်ရှိတွင် လောင်းလုံဆီ အုန်းခြံအပြင် အခြားဆီအုန်းခြံကြီး တစ်ခုဖြစ်သည့် ပုဂေါဇွန်းဆီအုန်းခြံကိုလည်း ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိပါသည်။

“ဒီခြံကို ငါးလပိုင်းကတည်းက စရှင်းနေတာပါ။ ကျွန်တော်တို့က ၀မင်းကုမ္ပဏီကမဟုတ်ဘူး။ ဟွန်ဒိုင်းကုမ္ပဏီကပါ။ ၀မင်းကုမ္ပဏီက မြေတူးစက်(ဘက်ဟိုး) နှစ်စီး၊ က လက်နှစ်စီး၊ မြေညှိစက်တစ်စီးနဲ့ လမ်းကြိတ်စက်တစ်စီး ငှားထားလို့ ဒီကိုလိုက်လာတာ။  မေလ ၁၂ ရက် နေ့ကတည်းက စရှင်းနေတာပါ” ဟု ဟွန်ဒိုင်းကုမ္ပဏီမှ ၀န်ထမ်း တစ်ဦးက ပြောပြခဲ့သည်။