Wednesday, June 24, 2015

ကချင်ပြည်နယ်အတွင်း လွန်ခဲ့သည့် နှစ် ၂၀ မှစ၍ စည်းစနစ်မကျသော သယံဇာတ ထုတ်ယူသုံးစွဲမှုများကြောင့် ကချင်လူထု လူမှုရေးပြဿနာများ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ထိတ်လန့်စွာရင်ဆိုင်နေရကြောင်း KDNG စာတမ်းတွင် ဖော်ပြ

ကချင်ပြည်နယ်အတွင်း လွန်ခဲ့သည့် နှစ် ၂၀ မှစ၍ စည်းစနစ်မကျသော သယံဇာတ ထုတ်ယူသုံးစွဲမှုများကြောင့် ကချင်လူထု လူမှုရေးပြဿနာများ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ထိတ်လန့်စွာရင်ဆိုင်နေရကြောင်း KDNG စာတမ်းတွင် ဖော်ပြ

ကချင်ပြည်နယ်အတွင်း လွန်ခဲ့သည့် နှစ် ၂၀ မှစတင်၍ စည်းစနစ်မကျသော သယံဇာတ ထုတ်ယူသုံးစွဲမှုများကြောင့် ကချင်ပြည်သူလူထုအနေနှင့် လူမှုရေးပြဿနာများ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ နှင့်ထိတ်လန့်စွာရင်ဆိုင်နေရေ ကြာင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) မှ လက်ရှိ ထုတ်ပြန်သည့် ကချင်ပြည်နယ် သဘာဝသယံဇာတအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါ ဒ ဆွေးနွေးချက်စာတမ်းအရ သိရသည်။


ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) မှ လက်ရှိထုတ်ပြန်သည့် ကချင်ပြည်နယ်  သဘာဝသယံဇာတအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါ ဒ ဆွေးနွေးချက်စာတမ်းကို  လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကာလမှ စတင်၍ ကချင်ပြည်နယ်အတွင်း အကြီးစားဖွံ့ဖြိုး ရေးစီမံကိန်းများကြောင့် ဒုက္ခရင်ဆိုင်ရသော  ဒေသခံပြည်သူများနှင့် လက်တွဲသုတေသနပြုခြင်း၊ စနစ်မကျသော သယံဇာတ သဘာဝအရင်းအမြစ်ထုတ်ယူ သုံးစွဲမှုကိုလေ့လာခြင်း၊  နိုင်ငံတကာမှ သဘာဝသယံဇာတ အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲခြင်းပြဿနာဖြေရှင်းေ သာ အတွေ့အကြုံများကို အခြေခံပြီးရေးသားပြုစုထားခြင်ြး ဖစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရ၏ ဗဟိုထိန်းချုပ်မှု  ဖွံ့ဖြိုးရေးစီမံကိန်းစနစ်ကြော င့် ကချင်ပြည်နယ်အတွင်း လွန်ခဲ့သောနှစ် (၂၀) ကာလအတွင်း စည်းစနစ်မကျသော သယံဇာတထုတ်ယူသုံးစွဲမှုများ လုပ်ကိုင်ခဲ့ပြီး ကချင်ပြည်သူလူထုများမှာ လူမှုရေးပြဿနာများ ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများနှ င့် ထိတ်လန့်စွာရင်ဆိုင်နေရသည်။ အစိုးရမှ စီမံကိန်းများ အကောင်အထည်ဖော်ရာ၊ ဆုံးဖြတ်ချက်ချသည့်နေရာနှင့် အရင်းအမြစ်တို့  စီမံခန့်ခွဲရာများတွင် ဒေသခံလူထုတို့ကို ထည့်သွင်းပါဝင်စေခြင်းမရှိခဲ့ေ ကြာင်း စာတမ်းတွင် ဖော်ပြထားချက်အရ သိရသည်။ ထို့ပြင် လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ် စဉ်ကာလတွင်လည်း သဘာဝသယံဇာတ စီမံခန့်ခွဲမှုအခြေအနေမှာ ယခင်ပြုလုပ်သော ပုံစံအတိုင်းဖြစ်နေသည်ဟု စာတမ်းတွင် ဖော်ပြထားသည်။

မြန်မာပြည်၏ စီးပွားရေးဖွံ့ဖြိုးရေးစီမံကိန်းများသည် အထက်အောက်စီးဆင်းသော မူဝါဒဖြစ်နေပြီး နိုင်ငံတော်အဆင့်မှ ကြည့်ရှုမည်ဆိုပါက နေပြည်တော်အစိုးရအနေဖြင့် ကချင်ပြည်နယ်အစိုးရနှင့် ကချင်ပြည်သူလူထုကို ပြည်နယ်သဘာဝသယံဇာတနှင့် အကျိုးအမြတ်တို့အား လူမှုအကျိုးအမြတ်အဖြစ် ခွဲဝေပေးခြင်းများ စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက်ချသည့် နေရာများတွင် ပါဝင်ခွင့်ပိတ်ပင်ထားသည်။ ဥပမာအားဖြင့် အရည်အသွေး အကောင်းဆုံးကျောက်စိမ်း “A” နှင့် “B” ကိုတန်ဖိုးဖြတ်ခြင်းနှင့် ရောင်းခြင်း၊ ၀ယ်ခြင်းကို ကချင်ပြည်နယ်အဆင့်တွင် ပြုလုပ်ခွင့်မရှိဘဲ နေပြည်တော်က တစ်ဆင့်သာ ပြုလုပ်ခွင့်ရှိပြီး အရည်အသွေးမမီသော၊ နိမ့်သော ကျောက်စိမ်းများကိုသာ ပြည်နယ်အဆင့် ရောင်းဝယ်ပိုင်ခွင့်ရှိကြောင်း စာတမ်းတွင် ဖော်ပြချက်အရ သိရသည်။

ထို့ပြင် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ကို နေပြည်တော်အစိုးရအဖွဲ့နှင့် ဒေသတွင်း (သို့မဟုတ်) နိုင်ငံခြားကုမ္ပဏီကြားသာ ဆုံးဖြတ်ချက်ချပြီး ၎င်းတို့အနေဖြင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်နှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ပြဿနာတို့ကို တာဝန်ခံပေးခြင်းမရှိကြောင်း စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

ဒေသခံပြည်သူများအနေဖြင့် လက်ရှိလုပ်ဆောင်နေသော ဖွံ့ဖြိုးရေးစီမံကိန်းမှ အကျိုးအမြတ်များ ရရှိခံစားခွင့်မရှိသည်မှာ ထင်ရှားမြင်သာနေပြီး ဥပမာအားဖြင့် မလိခ -အင်မိုင်ခမြစ်ဆုံရေကာတာ တည်ဆောက်မှုမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများ ၏ ရာခိုင်နှုန်း ၉၀ ကို တရုတ်သို့ တင်ပို့မည်ဖြစ်ပြီးငွေပေးချြေ ခင်းကို နေပြည်တော်အစိုးရမှ ရယူမည်ဖြစ်ကာ ဒေသခံပြည်သူများအနေဖြင့် ယင်းတို့ နေထိုင်ရာ ရပ်ရွာ၊ နေအိမ် များမှ ရွှေ့ပြောင်းခံရပြီး ယင်းတို့၏ လယ်၊ယာများကို လက်လွှတ် ဆုံးရှုံးခံနေရကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် လက်ရှိသဘာဝသယံဇာတ ဖွံ့ဖြိုးရေးအစီအစဉ်၏ ဆိုးကျိုးများနှင့် သက်ဆိုင်ရာပဋိပက္ခတို့ကို ဖြေရှင်းနိုင်မည့် နည်းလမ်းများအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်၊ ကချင်ပြည်နယ်အား လိုင်စင်ထုတ်ပေးခြင်းအပါအ၀င် သဘာဝသယံဇာတ ဖွံ့ဖြိုးရေးဆိုင်ရာ ပြည့်ဝသော စီမံအုပ်ချုပ်ခွင့်၊ ဥပဒေပြုခွင့်နှင့် အတည်ပြုခွင့်အာဏာတို့ ရှိရန် သေချာအောင် ပြုလုပ်ပေးရန်၊ ပြည်နယ်ထွက် သယံဇာတတို့မှ အခွန်ဘဏ္ဍာကောက်ယူခွင့်အာဏာကို ကချင်ပြည်နယ် အစိုးရတွင် ရှိစေရေး ပြုလုပ်ပေးရန်၊ ပဋိပက္ခများ လျှော့ချနိုင်ရန်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် ကာလအတွင်း အကြီးစားသယံဇာတတူးဖော်ခြင်းနှင့်  ဆက်စပ်သော  ဖွံ့ဖြိုးရေးစီမံကိန်းများ ရပ်တန့်ရန်နှင့် မည်သည့်ထိန်းချုပ်မှုများမှ မပါရှိသော လူထုပါဝင်မှုကို ခွင့်ပြုပေးရန် စသည့်အချက်များ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း စာတမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

News-Eleven.com