Thursday, January 19, 2012

ထားဝယ်လျှပ်စစ်ဓာတ်အားပေးစက်ရုံကို သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်နိုင်ရန် ညှိနှိုင်းမည်ဟု အီတာလျံ ထိုင်းကုမ္ပဏီပြော

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန်တွင် တည်ဆောက်ရန် စီစဉ်ထားသည့် ကျောက်မီးသွေးဓာတ်အား ပေးစက်ရုံ စီမံကိန်းကို ရပ်ဆိုင်းရန် မြန်မာ အစိုးရဘက်မှ ဆုံးဖြတ်လိုက်ခြင်းကြောင့် သဘာဝဓာတ်ငွေ့ဖြင့် စက်ရုံကို လည်ပတ်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် ပြန်လည်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အီတာလျံထိုင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဘန်ကောက်မြို့ တွင် ပြောကြားသည်။

မဂ္ဂါဝပ် ၄,၀၀၀ ထုတ်လုပ်နိုင်သည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံကို တည်ဆောက်တော့မည် မဟုတ်ကြောင်း အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက ဇန်န၀ါရီလ ၉ ရက်နေ့က ရန်ကုန်မြို့တွင် သတင်း ထောက်များကို ပြောကြားခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မည်ကို စိုးရိမ်သည့်အတွက် ယင်း ကျောက် မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

"ဒီဆုံးဖြတ်ချက်ကြောင့် သိပ်တော့ မအံ့ဩမိပါဘူး"ဟု ထားဝယ်ဖွံ့ဖြိုးမှု ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဆွမ်ချက်သီ နာပေါင်းက ပြောသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံတည် ဆောက်မည့် စီမံကိန်းကို ကန့်ကွက်ဆန္ဒ ပြမှုတစ်ခုကို ထားဝယ်ဒေသခံများက ယခုလ အစော ပိုင်းက မောင်းမကန် ကမ်းခြေတွင် ပြုလုပ်ခဲ့ကြသည်။

စက်ရုံကြောင့် ဒေသတွင်းပတ်ဝန်း ကျင်ညစ်ညမ်းပြီး ဒေသခံများအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည့် အတွက် ထိုကဲ့သို့ ဆန္ဒပြခြင်းဖြစ်ကြောင်း Green Development လှုပ်ရှားမှုဟု အမည်ပေးထားသည့် ၎င်းလှုပ်ရှားမှုတွင် ပါဝင်သူများက ပြောကြားသည်။

ထိုကဲ့သို့ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ မတည်ဆောက် တော့သည့်အတွက် ယင်းဒေသတွင် လျှပ်စစ်ဓာတ်အား ရရှိရန် ဓာတ်ငွေ့ဖြင့် သော်လည်းကောင်း၊ မဟာဓာတ်အားလိုင်းကိုလည်း မော်လမြိုင်အထိ ဆက်သွယ်မှုပြုနိုင်ကြောင်း ဦးခင်မောင်စိုး က ပြောသည်။

မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်အရ စက်ရုံတွင် အသုံးပြုရမည့်လောင်စာကို ပြင်ဆင်ရမည်ဖြစ်ကြောင်းနှင့် မူလက ကျောက်မီးသွေးဖြင့် စက်ရုံလည်ပတ်ရန် စီစဉ်ထားခြင်းမှ သဘာဝဓာတ်ငွေ့ဖြင့် ပြောင်းလဲလည်ပတ်ရမည်ဆိုပါက စက်ရုံ တည်ဆောက်မည့် ရက်ချာ ဘူရီကုမ္ပဏီ အနေဖြင့် ကုန်ကျစရိတ်ပြန်လည်တွက် ချက်ရမည်ဟု ၎င်းက ပြောသည်။

ထားဝယ်ဖွံ့ဖြိုးမှုကုမ္ပဏီသည် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် အီတာလျံထိုင်းကုမ္ပဏီ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သည်။

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက မဂ္ဂါဝပ် ၄ယ၀၀၀ ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည် ဆောက်ရန် ရက်ချာဘူရီ လျှပ်စစ်ဓာတ် အားကုမ္ပဏီနှင့် သဘောတူထားခဲ့ပြီး မြန်မာအစိုးရ၏ ယခုဆုံးဖြတ်ချက်သည် အဆိုပါ သဘောတူညီမှုကို ထိခိုက်ခြင်း မရှိဟု ဆွမ်ချက်က ပြောသည်။

စက်ရုံအတွက် သဘာဝဓာတ်ငွေ့ကို ပြောင်းလဲအသုံးပြုရန် ဆောင်ရွက်သွား မည်ဖြစ်ပြီး ထိုသို့ပြောင်းလဲခြင်းအတွက် စီမံကိန်း အကောင်အထည်ဖော်မည့် အချိန်ကို မည်သို့ အပြောင်းအလဲဖြစ်စေမည်ကို မသိရှိနိုင်သေးဟု ၎င်းက ပြောကြားသည်။

ထားဝယ်စီမံကိန်းတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံးစွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် PTT ကလည်း ဓာတ်အားပေးစက်ရုံ တည်ဆောက် သွားရန် စီစဉ်နေပြီး အဓိ ကပြဿနာမှာ ထိုဒေသသို့ သွယ်တန်း ထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း မရှိသေးခြင်းဖြစ်သည်ဟု သိရသည်။

"ကျွန်တော်တို့အနေနဲ့ မြန်မာအစိုးရဘက်က အချက်ပြမှုကို စောင့်ကြည့်ရပါမယ်"ဟု PTT ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Pailin Chucho-ttarworn က ဘန်ကောက်မြို့တွင် သတင်းထောက်များအား ပြောသည်။