Monday, February 6, 2012

ထားဝယ် အထူးစီးပွားရေးဇုန်မှ အသုံးပြုမည့်ရေအတွက် ရေကာတာ ဆောက်လုပ်ရန်စီစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်း အကောင်အထည် ဖော်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်းတွင် အသုံးပြု မည့်ရေအတွက် ယင်းစီမံကိန်း၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ ကလုံးထာ ချောင်းကို ရေကာတာပြုလုပ်၍ ရေပေးဝေနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်း အကောင်အထည် ဖော်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်းတွင် အသုံးပြု မည့်ရေအတွက် ယင်းစီမံကိန်း၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ ကလုံးထာ ချောင်းကို ရေကာတာပြုလုပ်၍ ရေပေးဝေနိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။ ထို့ကြောင့် အဆိုပါ ချောင်းအနီးရှိ ကလုံးထာကျေးရွာမှာ ရေ၀ပ်ဧရိယာအတွင်း ပါဝင်နေ၍ ရွှေ့ပြောင်းပေးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

“ဒီနေရာက ခေတ်အဆက်ဆက် ပြောင်းရွှေ့ရခြင်းမရှိဘဲ တည်ရှိလာခဲ့တာပါ။ ဒီတောတောင်တွေထဲမှာ ကျားဖြူ၊ ကြံ့သူတော်၊ လိပ်ကြေး၊ တောင်ဆိတ်၊ ချေ၊ စိုင်အစရှိတဲ့ရှား ပါးတိရစ္ဆာန်တွေနဲ့ တခြားသတ္တ၀ါ တွေ သစ်တောတွေ အများကြီးရှိတယ်။ ရေကာတာကြီးသာ တည်ဆောက်လိုက်ရင် ရွာကရေနစ်မြုပ်သွားမှာ ရေမယူ စေချင်လို့ မဟုတ်ဘူး။ ယူလို့ရတယ်။ ဒါပေမယ့် ရေကာတာ တစ်ခုတည်း အမြင့်ကြီးမဆောက်ဘဲနဲ့ အခုဆောက်မယ့် နေရာကနေ တစ်မိုင်ကျော်လောက်မှာရှိတဲ့ ပျဉ်းမအော်ဘက်မှာတစ်ခု၊ အခုလက်ရှိနေရာမှာ တစ်ခုနဲ့ နှစ်ခု ဆောက်လိုက်ရင်လည်း ရေလည်းရသွားမယ်။ ရွာလည်း ပြောင်းစရာ မလိုတော့ဘူး။ ရေ၀ပ်ဧရိယာ နည်းသွားတဲ့ အတွက် ပျက်စီးဆုံးရှုံးမှုလည်း နည်းသွားမှာပါ”ဟု ကလုံးထာရွာသား တစ်ဦးက ပြောကြားခဲ့သည်။