Wednesday, March 6, 2013

ထားဝယ်-ရန်ကုန် လူစီးအမြန်ရထား လမ်းချော်ကာ တွဲထိန်းတွဲတိမ်းမှောက်



မတ်လ (၂) ရက်နေ့ နံနက် (၄) နာရီ (၄၈) မိနစ်အချိန် ကျိုက်ထိုမြို့ နယ် မုက္ခမူကျေးရွာအနီး မိုင်တိုင် ၉၃/၁၁ နှင့် ၉၃/၁၆ ကြားတွင် ထားဝယ်မှ ထွက်ခွါလာသော စက်ခေါင်းမှတ် (1350DF) အမှတ် (၁၇၆) အစုန်ထားဝယ်-ရန်ကုန် လူစီးအမြန် ရထားသည် လမ်းချော်ကာ တွဲထိန်းတွဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။


မည်သည့် အကြောင်းအရင်းကြောင့် လမ်းချော်မှု ဖြစ်ပွားသည်ကို စုံစမ်းစဲဖြစ်ကြောင်း၊ ရထားသံလမ်းများ၏ အရည်အသွေး ကျဆင်းနေခြင်းကြောင့်လဲ ဖြစ်နိုင်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့ပါသည်။

ထိုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူ မရှိပဲ လမ်းချော်တိမ်းမှောက်ခဲ့သော ရထားတွဲများကို ပြန်လည်မတင်ကာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ယင်းနေ့ည (၈) နာရီ (၃၀) မိနစ်ခန့် အချိန်တွင် ရထားများ ပြန်လည် ပြေးဆွဲနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။