Friday, April 12, 2013

NLD နှင့် ထားဝယ် စီးပွားရေးဇုန်

ရေဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးပါတီတွင် ပြည်သူ့ လွှတ်တော်ကိုယ်စာလှယ် ဦးအောင်စိုး(တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်) နှင့် ရေဖြူမြို့နယ် ကိုယ်စားလှယ်များ အလုပ်မှုဆောင်အဖွဲ့ဝင်များ ဒေသခံကျေးရွာ ရပ်ကွက်ကိုယ်စားလှယ်များ ဒေသခံ NLD ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတခုပြုလုပ်ပါသည်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦး အောင်စိုးက "ပါတီရုံး ဖွင့်ပြီးတော့ ပါတီဝင်တိုင်းက ပါတီစည်းမျဉ်းစည်းကမ်း လိုက်နာကျင့်သုံးရမယ် ဒါမှပါတီကောင်းတခုဖြင့် ရေရှည်တည်တံနိုင်မည် ပါတီတိုးတက်အောင်လဲ ပါတီဝင်များက စွမ်းစွမ်းတမံ ဆောင်ရွက်သင့်တယ် နိုင်ငံတော်ဘဏ္ဍာ ခွဲဝေသုံးစွဲမှု အတွက် နိုင်ငံဝင်ငွေဟာအဓိကပါခုလက်ရှိ လုပ်နေတဲ့ ထားဝယ်ဒေသ စိးပွားရေးဇုန် ဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်းဟာ နိုင်ငံတော် ဝင်ငွေ တိုးတက်ဘာမည်ဖြစ်သည်ခုလို နှောက်နှေးနေတာက လက်ပံတောင် ကြေးနီစီမံကိန်းမှာလိုဖြစ်နေတယ် ဒေသခံပြည်သူတွေကို လူထုအခြေပြုလုပ်နေတဲ့ NGO အဖွဲ့များက ဖျားယောင်းသွေးဆောင်ပြီး မလုပ်ဖြစ်အောင် လုပ်နေတာဖြစ်သလို ထားဝယ်ဒေသတွင်လည်း ထို့အတူပါ NGO အစပြုတဲ့ ဒေသအတွင်းလူမှု အဖွဲ့ အစည်းတွေ (သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ။DDA ။ အမျိုးသမီးများ အဖွဲ့ စသောအဖွဲ့အစည်းများ)က ဒေသခံရွာသူရွာ သားများ ကို စီမံကိန်းမလုပ်ဖြစ်အောင် ပျက်စီးအောင် သွေးထိုးလှုံးဆော် နေတာပါ အဲဒီအဖွဲ့အစည်းတွေရော သတင်းသမားတွေပါ နိုင်ငံခြားဖြစ်တဲ့ စင်္ကပူ မလေးရှား စတဲ့ နိုင်ငံတွေက ငွေကြေးထောက်ပံ လုပ်ဆောင်ခိုင်းထား တာဖြစ်ပါတယ် နောက်ခုလိုဖြစ်နေတာ ဒေသခံ ပြည်သူတွေက မလုပ်ရအောင်ကန့်ကွက်နေလို့ ခုရေနက်ဆိပ်ကမ်း အပါအဝင် ရေနံဓါတု စက်ရုံ ကျောက်မီးသွေးစက်ရုံ စသော စက်ရုံ အကြီးလေးရုံအပါအဝင် ရေကာတာကိုပါ မလုပ်ဆောင်နိုင်တာ တနှစ်ရှိနေပါပြီဒါ နိုင်ငံဝင်ငွေရော စီးပွားပါ တနှစ်နောက်ကျနေပါတယ် ဒေသခံတွေအနေနဲ့ တိုးတက်အောင်လုပ်နေတာမကန့်ကွက်ေ စချင်ပါဘူး ဒါပေမဲ့ဖြစ်အောင်လုပ်မှာဖြစ်ပါ တယ်"အဖွင့်ပြောခဲ့ပါတယ် နောက်တွေ့ဆုံဟောပြောအပြီး မူးဒူးမှ NLDအဖွဲ့ ဝင်များ လဲလျောင်မှပါတီဝက်များ ကတင်ပြဆွေးနွေးပါတယ် မူးဒူးကဦးအောင်မြင့်က မေးပါတယ်