Tuesday, July 23, 2013

ထားဝယ်ခရိုင် နဘုလယ်ဒေသရှိ စီမံကိန်း လမ်းမကြီးပေါ်တွင် ဒေသခံများအား ဖြတ်သန်းခွင့် တားမြစ်ထား

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသတွင် တည်ဆောက်လျက်ရှိသည့် ထားဝယ်အထူး စီးပွားရေးဇုံ စီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော ကျေးရွာများ အနီးတွင် စီမံကိန်းမှ ယန္တယားများနှင့် ကျောက်တင်ယာဉ် ကားကြီးများ ဖြတ်သန်းသွားလာရန် အတွက် လမ်းမကြီးတစ်ခု ဖောက်ထားပြီး ၎င်းလမ်းပေါ်တွင် ဒေသခံများကို ဖြတ်သန်းသွားလာခြင်း မပြုရန် တားမြစ်ထားသည့် အတွက် ဒေသခံများ အခက်ကြုံနေကြောင်း သတင်းရရှိသည်။

အဆိုပါ လမ်းမကို ထားဝယ်အထူး စီးပွားရေးဇုံ စီမံကိန်း တည်ဆောက်နေသည့် အီတာလျံ-ထိုင်းမှ ဒေသခံများ၏ လယ်ယာမြေများပေါ်မှ ဖြတ်သန်းဖောက်လုပ် ထားကြောင်း သိရှိရပြီး လမ်းမပေါ်သို့ အပြင်လူမ၀င်ရဟု သတ်မှတ်ထားသဖြင့် ဒေသခံများ သွားလာရာတွင် အခက်အခဲများ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း သိရသည်။

လမ်းမကို ထားဝယ်အထူး စီးပွားရေးဇုံ စီမံကိန်း တည်ဆောက်နေသည့် အီတာလျံ-ထိုင်းမှ ဒေသခံများ၏ လယ်ယာမြေများပေါ်မှ ဖြတ်သန်းဖောက်လုပ် ထားကြောင်း သိရှိရပြီး လမ်းမပေါ်သို့ အပြင်လူမ၀င်ရဟု သတ်မှတ်ထားသဖြင့် ဒေသခံများ သွားလာရာတွင် အခက်အခဲများ ဖြစ်ပေါ်...

''ဒီလမ်းကို ဖောက်ဖို့ဆိုပြီး ပြီးခဲ့တဲ့နှစ်က ဦးတို့ ရွာသားတွေနဲ့  ရွာကဘုန်းတော်ကြီးကိုလာပြီး အကြောင်းကြားခဲ့တယ်။ ရွာသားတွေအတွက် ထိခိုက်မှာစိုးလို့ ကျောင်းထိုင်ဆရာတော်က ခွင့်မပြုခဲ့ဘူး။ နောက်တော့ သူတို့ ကုမ္ပဏီက တာဝန်ရှိသူတွေက တောင်းတောင်းပန်ပန်နဲ့ လာရောက်ညှိနှိုင်းပြီး လမ်းဖောက်ရာမှာ ပါသွားတဲ့ လယ်တွေကို လျော်ကြေးငွေ ထိုက်တန်အောင် ပေးပါ့မယ်လို့ ပြောမှ အားလုံးသဘောတူပြီး ခွင့်ပြုခဲ့တာပါ။ အခုတော့ သူတို့ဖောက်ထားတဲ့ လမ်းမပေါ်ကို ဦးတို့ရွာသားတွေ ဖြတ်သန်းခွင့် မရှိဘူး။ မ၀င်ရဘူးလို့ စာတွေကပ်ထားပါတယ်။ နဘုလယ် ဒေသအတွင်းက အခြားရွာတွေမှာလည်း ဒီလိုပဲ'' ဟု အဆိုပါ လမ်းနံဘေးတွင် လယ်ယာလုပ်ကိုင်နေသည့် မယင်းကြီးကျေးရွာမှ ဦးအောင်အောင်က ပြောကြားခဲ့သည်။

အဆိုပါ လမ်းမကြီးမှာ တောင်ဘက် ခုနစ်မိုင်ခန့် အကွာရှိ လိပ်သည်းကျောက် ထုတ်ယူရာ တလိုင်းဒတ်တောင် ကျောက်ထုတ် စခန်းသို့ ဆက်သွယ်ထားသော လမ်းမဖြစ်ကြောင်း သိရသည်။

စီမံကိန်း ဧရိယာအတွင်းရှိ နဘုလယ်ဒေသမှ ထိန်ကြီး၊ လဲရှောင်၊ ပရဒတ်၊ မယင်းကြီး၊ ဘ၀ါနှင့် မူးဒူးကျေးရွာများရှိ ကျေးရွာလမ်းမများပေါ်တွင် စီမံကိန်းမှ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ လျက်ရှိပြီး ယာဉ်အများစုမှာ အရှိန်ပြင်းစွာ မောင်းနှင်နေကြောင်း သိရသည်။